Issue 33

ကမ္ဘောဒီးယားရှိ အမျိုးသားအဆင့် အင်တာနက်ဂိတ်ဝေးနှင့် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် အနာဂတ

ကမ္ဘောဒီးယားနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာမခံချက် ပေးထားသော်လည်း အမျိုးသားအဆင့် အင်တာနက်ဂိတ်ဝေး  (National Internet Gateway – NIG) တိုးမြှင့်ဖော်ဆောင်ခြင်းဖြင့် ဒစ်ဂျစ်တယ်လောကတခုလုံးကို အာဏာရှင်စနစ်ဖြင့် ထိန်းချုပ်ရန် ဆောင်ရွက်နေမှုမှာ ပြီးစီးသလောက် ဖြစ်နေပြီ ဖြစ်ပါသည်။ ယင်းဂိတ်ဝေးက အစိုးရပိုင် အင်တာနက် ဂိတ်ဝေးဖြစ်ပြီး နိုင်ငံတွင်း သိသာထင်ရှားစွာ မိမိဘာသာဆင်ဆာပြုလုပ်ခြင်းကို ဖြစ်စေပြီး တပါတီအာဏာရှင် စနစ် ပိုမိုအားကောင်းလာစေမည် ဖြစ်ပါသည်။ နိုင်ငံတွင် ကျန်ရှိနေသေးသည့် […]

Issue 33

ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နည်းလမ်းများဖြင့် စင်္ကာပူနိုင်ငံ၏ တပါတီအုပ်ချုပ်ရေး စနစ်ကို ထိန်းသိမ်းခြင်း

စင်္ကာပူနိုင်ငံသည် ၁၉၆၈ ခုနှစ် လွတ်လပ်ရေးရပြီး ပထမဆုံးအကြိမ် ပါလီမန် ရွေးကောက်ပွဲက စတင်ပြီး ပြည်သူ့အလုပ်ပါတီ (PAP ပါတီ) က ကြီးစိုးသည့် တပါတီ အဓိက အုပ်ချုပ်သည့်နိုင်ငံ ဖြစ်ပါသည်။ Freedom House က ၁၉၇၃ ခုနှစ်ကတည်းက စတင်သည့် သူ့၏ အခြေအနေဆိုင်ရာ မှတ်တမ်းတွင် စင်္ကာပူနိုင်ငံကို “တပိုင်းလွတ်လပ်သည့် နိုင်ငံ” အဖြစ် တောက်လျှောက် သတ်မှတ်ခဲ့ပါသည်။ The Economist ၏ […]

Issue 33

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်း ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို ဖိလစ်ပိုင်နိုင်ငံတွင် လက်နက်သဖွယ် အသုံးပြုခြင်း

ယခင်ကတည်းက အကျပ်အတည်းများကို ပြင်းထန်စွာ ဖိနှိပ်ကိုင်တွယ်လေ့ရှိသည့် အရှေ့တောင်အာရှ တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် “အရေးပေါ်နှင့် ယာယီ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ဒီမိုကရေစီ လုပ်ငန်းစဥ်များကို ရပ်ဆိုင်းခြင်း၊ နိုင်ငံရေးဝေဖန်မှုများကို ပိတ်ပင်ခြင်း၊ လှုပ်ရှားသွားလာမှုများကို ထောက်လှမ်းခြင်းနှင့် ဒေတာ စုဆောင်းသည့် လုပ်ငန်းများကို ပြုလုပ်ရန် အခွင့်အရေးပေး” ပါသည်။ ကပ်ရောဂါကို တုံ့ပြန်ရာတွင် လူ့အခွင့်အရေးကို ရှေ့တန်းတင်မည့်အစား အရှေ့တောင်အာရှရှိ အစိုးရ အများအပြား သည် သူတို့အာဏာကို ချုပ်ကိုင်ရန်နှင့် […]

Issue 33

အင်ဒိုနီးရှားနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဒစ်ဂျစ်တယ် အာဏာရှင်စနစ် ပြောင်းလဲဖြစ်ထွန်းမှု

Freedom House ၊ IDEA နှင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့တို့၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ရီပို့များအရ အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်နယ်ပယ်တွင် အရပ်ဖက်နေရာသည် ကျဥ်းမြောင်းလာနေကြောင်း တွေ့ရပါသည်။ ယင်းရီပို့များက အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး အင်စတီကျူးရှင်းက ထုတ်ပြန်သော ရီပို့နှင့် ၂၀၂၀ ကွန်ပတ်စ်နေ့စဥ် ဆာဗေး တို့တွင် တွေ့ရှိထားချက် ဖြစ်သည့် ၃၆ ရာခိုင်နှုန်းသော အင်ဒိုနီးရှားနိုင်ငံသားများမှာ ဆိုရှယ်မီဒီယာ ပေါ်တွင် သူတို့၏ ထင်မြင်ချက် […]

Issue 32

ကမ္ဘောဒီးယား – အမေရိကန် ဆက်ဆံရေးကို ပြင်ဆင်ခြင်း – ကမ္ဘောဒီးယားရှုထောင့်

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စု သံတမန်ဆက်ဆံရေးသည် ၂၀၂၀ ပြည့်နှစ်တွင် အနှစ် ၇၀ ပြည့်ခဲ့ပါသည်။ နှစ်နိုင်ငံအကြား မယုံကြည်မှုနှင့် သံသယများတိုးပွားလာနေသည့် အခါသမယတွင် ပြည့်ခဲ့ခြင်းလည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်လိုက်၊ ဆုတ်ယုတ်လိုက် ရှိနေခဲ့သည်။ အကြောင်းမှာလည်း ပထဝီနိုင်ငံရေးနှင့် မဟာဗျူဟာကျ အားပြိုင်မှုများ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် သိပ်မကြာသေးမီက တရုတ်နှင့် သက်ဆိုင်သည့် အချက် တို့ကြောင့် ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းမှာမူ […]

Issue 32

အင်ဒိုနီးရှား-တရုတ် BRI ပူးပေါင်းစီမံကိန်း၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ တွန်းတိုက်မှုများ

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို လေ့လာသုံးသပ်ရာတွင် ၄င်းတို့၏ နိုင်ငံခြားရေး မူဝါဒ လက်တွေ့ ဆုံးဖြတ်ချက်များကို ကြည့်နိုင်ပါသည်။ နိုင်ငံခြားရေးမူဝါဒနယ်ပယ် အများအပြားတွင် စီးပွားရေး အကျိုးအမြတ်က အရေးကြီးသည့် ကဏ္ဍတွင် ရှိနေပါသည်။ သမ္မတ ဂျိုကိုဝီ၏ စီးပွားရေးကို အလေးပေးမှု မူဝါဒက အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ဦးစားပေးမှုများတွင်လည်း ထင်ဟပ် နေပြီး ယင်းကို လက်ရှိနိုင်ငံတကာဆက်ဆံရေးတွင် “စီးပွားရေးဆိုင်ရာ သံတမန်ရေး” ကို ရှေ့တန်းတင် ခြင်းတွင် တွေ့နိုင်ပါသည်။ […]

Issue 32

ဒူတာတေးအလွန် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ – နောက်လာမည့် သမ္မတ စဥ်းစားရမည့် အရေးကြီးအချက်များ

သမ္မတရိုဒရီဂိုဒူတာတေး သက်တမ်းကုန်ဆုံးချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည် နောက်တက်လာမည့် သမ္မတက ဘယ်လိုမျိုး နိုင်ငံခြားရေး မူဝါဒ ကျင့်သုံးမလဲဆိုသည့် မရေရာမှုကို ကြုံတွေ့နေရပါသည်။ ယေဘုယျအားဖြင့် အစိုးရသစ်တက်လာတိုင်း သမ္မတတိုင်းက သူတို့ အကြိုက်တွေ၊ အစွဲတွေ ရှိတတ်သည့် အတွက် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပြင်ပကမ္ဘာနှင့်ဆက်ဆံရေးမှာ အပြောင်းအလဲ အချို့ ရှိတတ်ပါသည်။ ယင်းအပြောင်းအလဲများက သမ္မတက အမျိုးသား အကျိုးစီးပွားကို ဘယ်လို ဖွင့်ဆိုသလဲဆိုသည့် အချက်ပေါ်မူတည်ပြီး နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး […]

Issue 32

တရုတ်ခါးပိုက်ထဲရောက်နေသည့် တလွဲထိုင်းနိုင်ငံခြားရေးမူဝါဒ

ခြိမ်းခြောက်နေတဲ့ အန္တရာယ်က ဘယ်သူလဲ ထိုင်းနိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်ပညာရှင်တဦး နိုင်ငံတကာရေးရာများကို ဆွေးနွေးသည့်အခါ အမြဲ ရှေ့တန်းကပါသည့်ကိစ္စမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံ အပြိုင်ဖြစ်နေသည့် အာရှတွင်ကြီးစိုးရေး (ကမ္ဘာတွင် ကြီးစိုးရေး မဟုတ်တောင်မှ) တွင် ထိုင်းနိုင်ငံက ဘယ်လိုရပ်တည်မလဲ ဆိုသည့် ကိစ္စ ဖြစ်ပါသည်။ အမေရိကန်က မကြာသေးမီနှစ်များအတွင်း အရှေ့အလယ်ပိုင်းတွင် ပါဝင်ပတ်သက်မှုကို ဖြေးဖြေးချင်းလျှော့ချလာခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပ်က အင်ဒို-ပစိဖိတ် ဗျူဟာ ကို ကြေညာခဲ့သည့်ပုံကို ထောက်လျှင် အမေရိကန်၏ […]

Issue 31

မြန်မာ့တော်လှန်ရေး ရှေ့တန်းက ဖက်ဒရယ်လစ်ဇင်

မြန်မာနိုင်ငံသည် ၄င်း၏ ကြွယ်ဝလှသည့် ယဥ်ကျေးမှု၊ ဘာသာစကား၊ လူမျိုးအုပ်စုနှင့် ဘာသာရေး သရုပ်လက္ခဏာများကို လက်ခံနေရာပေးနိုင်သည့် နိုင်ငံရေးစနစ်တခုကို ရှာဖွေလာခဲ့သည်မှာ လွတ်လပ်ရေး ရပြီးချိန်ကစပြီးပင် ဖြစ်လေသည်။ လူနည်းစု လူမျိုးစုများက အုပ်စုအားလုံး၏ တန်းတူညီမျှမှုနှင့် အခွင့်အရေးများကို အကာအကွယ်ပေးနိုင်သည့် နည်းလမ်းတရပ်အနေဖြင့် ဖက်ဒရယ် စနစ်ကို တောင်းဆိုလာခဲ့ကြပါသည်။ သို့သော်လည်း ၁၉၆၂ မှ ၂၀၁၀ အထိ မြန်မာနိုင်ငံကို အုပ်စိုးခဲ့သည့် စစ်အာဏာရှင်စနစ်များ၏ အလွန်အမင်း ဗဟိုချုပ်ကိုင်မှုများသည့် စနစ်အောက်တွင် […]

Issue 31

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်။ ။၂၀၁၀-၂၀၂၁

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ကြည့်လျှင် ၁၉၅၇ မှ ၂၀၁၀ အထိ စစ်တပ် (ဒေသအခေါ်အဝေါ် – တပ်မတော်) နှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း (EAO) အများအပြားအကြား ဆက်တိုက် ဖြစ်ပွားလာသည့် လက်နက်ကိုင် ပဋိပက္ခကို တွေ့ရမည် ဖြစ်သည်။ အဆိုပါကာလအတွင်း တပ်မတော်နှင့် အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများအကြား ရံဖန်ရံခါ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ခြင်း ရှိခဲ့သော်လည်း ၂၀၁၀ တွင် စတင်ခဲ့သည့် အသွင်ကူးပြောင်းရေးတွင်မူ ပိုမို […]

Issue 31

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု

မြန်မာ (ယခင်က ဘားမား) နိုင်ငံသည် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ အာဏာသိမ်းချိန်အထိ ဒီမိုကရေစီ ကျင့်သုံးသည့် တိုတောင်းသော ကာလရှိခဲ့ပါသည်။ ယင်းနောက်တွင် စစ်တပ် (ဒေသအခေါ် တပ်မတော်) က ဆယ်စုနှစ် ငါးခုကြာ အကြွင်းမဲ့နီးပါး အာဏာကို ချုပ်ကိုင်ထားခဲ့ပါသည်။ ၂၀၁၀ တွင် မထင်မှတ်ထားသည့် နိုင်ငံရေးနှင့် စီးပွားရေး ပွင့်လင်းလာမှု စတင်ခဲ့ပြီး စစ်တပ်နှင့် အရပ်သား အစိုးရများအကြား အာဏာခွဲဝေ ကျင့်သုံးသည့် […]

Issue 31

သရုပ်သကန် (identity) နှင့် လူမှုပါဝင်ရေး (social inclusion)

မိမိဘယ်သူလဲဆိုသည့် သရုပ်သကန် (identity) နှင့် လူ့အဖွဲ့အစည်းတွင် အားလုံး ပါဝင်နိုင်ရေး (ဝါ) လူမှုပါဝင်ရေး (social inclusion) နှင့် သက်ဆိုင်သည့် ကိစ္စများမှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် ကာလကြာရှည် ငြင်းခုံဆွေးနွေးလာရသည့် ကိစ္စများ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူမျိုးဘာသာစကား အစုံလင်ဆုံးနိုင်ငံများထဲတွင် အပါအဝင် ဖြစ်ပြီး တရားဝင် အသိအမှတ် ပြုထားသည့် လူမျိုးအုပ်စုပေါင်း ၁၃၅ မျိုးနှင့် ဘာသာစကားပေါင်း ၁၀၇ မျိုးခန့် ရှိပါသည်။ […]

Issue 31

ကမ္ဘာ့စင်မြင့်ထက်တွင် ၂၀၂၀ အလွန် မြန်မာပြည်၏ နေရာ တရားဝင်မှုနှင့် ပြောင်းလဲမှုအတွက် အားပြိုင်ခြင်း

မြန်မာ/ဘားမား၏ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာ့စင်မြင့်ထက်တွင် မြန်မာပြည်၏ နေရာ ဘယ်လိုရှိသည် ဆိုသည်ကို သိပ်မကြာသေးခင်က စိတ်ဝင်စားလာကြပါသည်။ မြန်မာပြည်၏ နိုင်ငံခြားရေးမူဝါဒမှာ ကာလကြာရှည်စွာပင် တရားဝင်မှု (legitimacy) အတွက် ပြိုင်ဆိုင်ခြင်း၊ ပိတ်ပင်ခြင်း၊ ပေးအပ်ခြင်း အတွက် အသုံးပြုသည့် နည်းလမ်းအနေဖြင့် ရှိနေပါသည်။ အထူးသဖြင့် ၁၉၆၂ အာဏာသိမ်းမှုနှင့် ၁၉၈၈ အာဏာသိမ်းမှုတို့ နောက်တွင် ဖယ်ရှားခံလိုက်ရသည့်/ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့် အာဏာကို ဖျက်သိမ်းခံလိုက်ရသည့် စင်ပြိုင်အစိုးရများနှင့် စစ်အစိုးရများ […]

Issue 31

ရပ်တန့်သွားသော မြန်မာ့အသွင်ကူးပြောင်းရေး – စတင်ချိန်မှ အာဏာသိမ်းချိန်အထိ

ဤစီမံချက်ကို စတင်ချိန် ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ မကြာသေးသော သမိုင်းတွင် ဖြတ်သန်း ခဲ့သော မိုင်တိုင်များကို ပြန်လည်ဆန်းစစ်ရန် တမူထူးခြားသော အခွင့်အလမ်းရှိချိန် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်သည် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အသွင်ကူးပြောင်းမှု စတင်ချိန်မှ စရေတွက်လျှင် ဆယ်နှစ် ပြည့်မြောက်ချိန် ဖြစ်ပြီး အမျိုးသားဒီိမုကရေစီအဖွဲ့ချုပ် NLD က စစ်တပ်နှင့် အလျဥ်းသင့်သလို အာဏာခွဲဝေထားသည့် အစီအမံအောက်တွင် အရပ်သားအစိုးရ တာဝန်ယူချိန် ၅ […]